ကျွန်ုပ်တို့၏လုပ်ငန်းသည် Hybrid Model (Social Enterprise Approach) ကိုအသုံးပြုထားပြီး အဓိကအားဖြင့် သင်တန်းများမှ ဝင်ငွေများကို အခြေခံကာ တခြားလူမှုအဖွဲ့အစည်းများနှင့်ပေါင်းစပ်ကာ လူမှုအကျိုးပြုအစီအစဉ်များကို ဆောင်ရွက်ခဲ့ပါသည်။
ဤပရိုဂရမ်သည် အိုင်တီစီကာတွင် ပညာသင်ယူခဲ့သော တပည့်များ၏ အသင်းအဖွဲ့ဆိုင်ရာဦးဆောင်နိုင်မှုနှင့် ခေါင်းဆောင်စွမ်းရည်၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်နိုင်စွမ်းကို မှတ်ကျောက်တင်နိုင်ရန်နှင့် လက်တွေ့ဆောင်ရွက်ရန် Children Friendly Space ကို Own fund ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သင်တန်းအပါတ်စဉ်အလိုက် ကျောင်းသားကျောင်းသူများသည် စစ်တွေမြို့တွင်ရှိသော ရခိုင်စစ်ဘေးရှောင်စခန်းများသို့ သွားရောက်ကာ ကလေးင ယ်များအား ပန်းချီပြိုင်ပွဲပြုလုပ်ခြင်း၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ပုံပြင်များ ပြောခြင်း၊ ပျော်ပွဲရွင်ပွဲ ဂိမ်းများကစားခြင်း၊ ကလေးငယ်များအား စာရေးကိရိယာများထောက်ပံ့ခြင်းများနှင့် တခြားလိုအပ်သော ထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့သည်။
ပိုမိုဖတ်ရန်
ဤအစီအစဉ်သည် လုပ်ငန်း၏ Own fund နှင့် သင်တန်းသားများ၏ ထည့်ဝင်မှုများဖြင့် စစ်တွေမြို့ပေါ်ရှိ ရခိုင် ဒုက္ခသည်စခန်းများကို ဆန်၊ ဆီ၊ ဆားအပါအဝင် လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးသည့်အစီအစဉ်ဖြစ်ပါသည်။ အထူးသဖြင့် စာသင်အရွယ်ကလေးငယ်များအတွက် လိုအပ်သော စာရေးကိရိယာများအား ထောက်ပံ့ပေးခြင်းနှင့် မိခင်နှင့်ကလေးများအတွက် အာဟာရများထောက်ပံ့ပေးခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။ ထောက်ပံ့ပစ္စည်းများတွင် • 🍚 ဆန် • 🫒 ဆီ • 🧂 ဆား စသည့် အခြေခံစားနက်ရိက္ခာများအပြင် နေ့စဉ်အသုံးအဆောင်အတွက် လိုအပ်သည့် အခြားပစ္စည်းများပါ ထောက်ပံ့ပေးခဲ့ကြပါသည်။ ထို့အပြင် • 📚 စာသင်အရွယ် ကလေးငယ်များအတွက် စာရေးကိရိယာများ • 🍼 မိခင်နှင့် ကလေးများအတွက် အာဟာရထောက်ပံ့မှုများ ကိုလည်းဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤအစီအစဉ်သည် လိုအပ်နေသူများအတွက်သာ အကျိုးရှိစေသည့်အပြင်၊ ကျောင်းသား ကျောင်းသူများအတွက်လည်း လူမှုအကျိုးပြုဆောင်ရွက်မှုများကို လက်တွေ့အဖြစ် သိရှိနားလည်စေရုံမက၊ အနာဂတ်တွင်လည်း တက်ကြွစွာ ဆက်လက်ပူးပေါင်းပါဝင်နိုင်ရန် အတွေ့အကြုံတစ်ရပ် အဖြစ် သင်ခန်းစာပေးနိုင်ခဲ့ပါသည်။
ပိုမိုဖတ်ရန်
ဒေသအတွင်းရှိ လူငယ်များအနက် နည်းပညာဆိုင်ရာ သင်ယူလိုစိတ်ရှိသော်လည်း ငွေကြေးအခက်အခဲကြောင့် အခွင့်အလမ်းမရှိသူများအတွက် IT Seeker မှ အခမဲ့ ကွန်ပျူတာသင်တန်းများ ကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤအစီအစဉ်သည် လူငယ်များအတွက် နည်းပညာအသိပညာများကို တိုးချဲ့ပေးရန် ရည်ရွယ်ထားပြီး၊ အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် အခြေခံအထောက်အထား ဖြစ်စေရန် တိုက်ရိုက်ကူညီပေးနိုင်ခဲ့ပါသည်။ သင်တန်းများတွင် • 🖥 Computer Basic Knowledge • ⌨️ Office Application သုံးနည်းများ • 🌐 Internet သုံးနည်းများနှင့် Digital Literacy စသည့် အခြေခံမော်ဂျူးများကို အထူးသီးသန့် သင်ကြားပေးခဲ့ပြီး၊ သင်တန်းတက်ရောက်သူများသည် နည်းပညာအခြေခံအရည်အချင်းများကို ယုံကြည်စွာ အသုံးချနိုင်အောင် တက်ကြွစွာ လေ့ကျင့်သင်ယူခဲ့ကြပါသည်။ ထို့အပြင် ဤသင်တန်းကို IT Seeker သာမက မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းကြောင့် သင်တန်းတက်ရောက်သူများအတွက် ပိုမို အကျိုးရှိစေခဲ့ပါသည်။ ဤအခမဲ့ သင်တန်းအစီအစဉ်သည် လူငယ်များအတွက် ငွေကြေးအခက်အခဲမရှိဘဲ နည်းပညာသင်ယူနိုင်သော အခွင့်အလမ်း တစ်ရပ်ဖြစ်သည့်အပြင်၊ မိမိတို့အနာဂတ်အတွက် လေ့လာသင်ယူထားသည့် အရာများကို လုပ်ငန်းအကောင်အထည်ဖော်ရာတွင် အထောက်အကူဖြစ်စေသည့် အကျိုးပြုအစီအစဉ်တစ်ခုလည်း ဖြစ်ခဲ့ပါသည်။
ပိုမိုဖတ်ရန်