ကျွန်ုပ်တို့အကြောင်း

IT Seeker သည် လူငယ်များအတွက် နည်းပညာပညာရေး၊ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် တစ်ကိုယ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

မစ်ရှင်

လူငယ်များအတွက် နည်းပညာပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်သင်ကြားခွင့်များကို တိုးချဲ့ပံ့ပိုးပေးခြင်းဖြင့် လူမှုအသိုင်းအဝိုင်း တိုးတက်အောင်မြင်စေရန်။

ဗစ်ရှင်

ဒေသအလိုက် လူငယ်များကို နည်းပညာနှင့် စီးပွားရေးကျွမ်းကျင်မှုများဖြင့် တိကျစွာ အဆင့်မြှင့်တင်ပြီး တာရှည်တ ည်တံ့သော အနာဂတ်အတွက် အခွင့်အလမ်းဖန်တီးပေးရန်။

ကျွန်ုပ်တို့၏ ခရီးစဉ်

အိုင်တီစီကာကို ၂၀၁၁ ခုနှစ် ရခိုင်ပြည်နယ်စစ်တွေမြို့တွင်စတင်ထည်ထောင်ခဲ့ပြီး ဒေသတွင်းလူငယ်များအတွက် အိုင်တီဆိုင်ရာနည်းပညာများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မူလတွင် သင်တန်းသားအနည်းငယ်ဖြင့်စတင်ခဲ့ပါသည်။

စိန်ခေါ်မှုများ

အိုင်တီစီကာအနေဖြင့်ကနဦးတွင် သင်တန်းသားအနည်းငယ်ဖြင့်စတင်ခဲ့သလို ဈေးကွက်ထိုးဖောက်ရန် လိုအပ်ချက်များစွာရှိခဲ့သည်။ သို့သော် အိုင်တီစီကာအနေဖြင့် မိမိတို့၏ လုပ်ငန်းကို ထိခိုက်မှုမရှိ အောင်ကြိုးစားခဲ့ရပါသည်။ ၂၀၁၁, ၂၀၁၂ ခုနှစ်သည် အိုင်တီစီကာ၏ ခက်ခဲ့သော ခရီးလမ်းတစ်ခုဖြစ်ခဲ့သည်။

အပြောင်းအလဲစတင်

သင်တန်းသားများအပေါ် အလေးထားမှုကြောင်းလည်း သင်တန်းကိုရေရှည်ထိန်းထားနိုင်ခဲ့သလို ကွန်ပျူတာကိုလေ့လာလိုသူများအတွက်လည်း အထောက်အပံ့ဖြစ်လာခဲ့သည်။ ထို့သို့ တစ်ဖြေးဖြေး ခရီးဆက်ခဲ့ပြီးနောက်ပိုင်း သင်တန်းကို ပိုမိုချဲ့ထွင်နိုင်ရန် ကုမ္ပဏီလုပ်ငန်းအဖြစ် ၂၀၁၉ ခုနှစ်တွင် တရားဝင်မှတ်ပုံတင်ခဲ့သည်။

ဒုတိယခြေလှမ်းသစ်တစ်ခု

အိုင်တီစီကာတွင် ကွန်ပျူတာတက်ရောက်သူများပြားလာသော်လည်း တက်ရောက်သည့် ကျောင်းသားကျောင်းသူတို့၏ အားနည်းချက်များကိုလည်းမြင်တွေ့လာရသည်။ လူငယ်များအနေဖြင့် အိုင်တီဆိုင်ရာ နည်းပညာများ ကျွမ်းကျင်ရုံတစ်ခုတည်းမဟုတ်ဘဲ တခြားစွမ်းရည်များလိုအပ်သည်ကို တွေ့ရှိရသဖြင့် Personal Development Program ကို ၂၀၂၀ ခုနှစ်တွင် စတင်ခဲ့သည်။ သို့သော် အဆိုပါ ပရိုဂရမ်သည် အခမဲ့ဖြစ်သည့်အတွက် အိုင်တီစီကာအစား Seekers Institute ၏ ပရိုဂရမ်အဖြစ် ပြောင်းလဲလိုက်သည်။ Seekers Institute သည်လည်း လူငယ်များအတွက် လိုအပ်သော Interpersonal skills များနှင့် သင်တန်းများကို လူမှုအဖွဲ့အစည်းနှင့်ပေါင်းစပ်ကာ ဆောင်ရွက်နိုင်ခဲ့သည်။ အလားတူ အိုင်တီနှင့်ပတ်သက်သော ကွန်ပျူတာ သင်တန်းများကိုလည်း တခြားလူမှုအဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ အခမဲ့သင်တန်းများပံ့ပိုးနိုင်ခဲ့သည်။