Building Resilience Through Education

Empowering Communities for a Stronger Tomorrow

Quality Learning for Lifelong Strength and Growth

Education that Builds Confidence and Adaptability

about

ကျွန်တော်တို့အကြောင်း

အိုင်တီစီကာကို ၂၀၁၁ ခုနှစ်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စတင်တည်ထောင်ခဲ့ပြီး ဒေသတွင်း လူငယ်များအတွက် အိုင်တီနှင့် ပတ်သက်သည့် သင်တန်းများကို ပေးသင်ကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီအဖြစ် မှတ်ပုံတင်ပြီး ဝန်ဆောင်မှုများနှင့် သင်တန်းများကို ထပ်မံချဲ့ထွင်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ်မှစ၍ လူငယ်များအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းများကို အခမဲ့ ဖွင့်လှစ်ခဲ့ပြီး၊ ပြည်တွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကွန်ပျူတာနည်းပညာ သင်တန်းများ၊ စစ်ဘေးရှောင်စခန်း လှုပ်ရှားမှုများနှင့် ပညာရေးအတွက် စာရေးကိရိယာထောက်ပံ့မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် Digital Literacy, Media Literacy, Gender, Capacity Building စသည့် လုပ်ငန်းကဏ္ဍများကိုလည်း အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါသည်။

အပြည့်အစုံ

သင်တန်းများ

အိုင်စီတီ နည်းပညာသင်တန်းများ

လူငယ်များအတွက် အိုင်တီနှင့်အသက်မွေးဝမ်းပြုရန်အတွက် အထောက်အပံ့ပြုသော သင်တန်းဖြစ်ပြီး IT, ICT နယ် ပယ်များတွင် အသုံးချနိုင်ရန်နှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတတ်မြောက်စေရန်အတွက် သင်တန်းများကို ဘာသာရပ်အလိုက်ဖွင့်လှစ်ထားရှိပါသည်။ အထူးသဖြင့် ကွန်ပျူတာ အခြေခံအဆင့်မှ အဆင့်မြင့်သင်တန်းများ အပြင် လုပ်ငန်းခွင်အတွက်လိုအပ်သော ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးလျှက်ရှိပါသည်။

အပြည့်အစုံ

တစ်ကိုယ်ရည်စွမ်းရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများ

Personal Development Training သည် ဒေသတွင်းလူငယ်များအတွက် Interpersonal skills များ ကျွမ်းကျင်လာစေရန်နှင့်၊ ကိုယ်ရည်ကိုယ်သွေးများမြင့်မားစေရေး၊ အသင်းအဖွဲ့ဆိုင်ရာများတွင် စီမံခန့်ခွဲနိုင်စွမ်း၊ခေါင်းဆောင်စွမ်းရည်နှင့် ကိုယ်ပိုင်အရည်အချင်းများတိုးတက်လာရေရန် အထောက်အကူ ပြုသည့် သင်တန်းဖြစ်ပါသည်။

အပြည့်အစုံ

ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း

လူငယ်များအတွက် စွန့်ဦးတီထွင်လုပ်ငန်းများလုပ်ကိုင်လာသည်အခါ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲများ တက်သိနား လည်းလာစေရန်နှင့် မိမိတို့လုပ်ငန်းနယ်ပယ်နှင့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုများကို မဖြစ်မနေတတ်ထားသင့်ရန် အတွက် သင်တန်းများပို့ချပေးခြင်းဖြစ်ပါသည်။

အပြည့်အစုံ

ဒီဂျစ်တယ်မာကတ်တိန်း

ဤသင်တန်းရည်ရွယ်ချက်သည် လူငယ်များအတွက် လုပ်ငန်းနယ်ပယ်များတွင်လက်တွေ့အသုံးချနိုင်သော ဒီဂျစ်တယ်မာ့ကတ်တင်းဆိုင်ရာ များကို ပို့ချပေးခြင်းဖြစ်ပြီး အွန်လိုင်းပေါ်တွင် စျေးကွက်တိုးချဲ့နိုင်စွမ်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်စွမ်းကို တိုးတက်စေရန်ဖြစ်ပါသည်။

အပြည့်အစုံ

ဒီဂျစ်တယ်တတ်မြောက်ခြင်းသင်တန်း

ဤသင်တန်းသည် လူငယ်များအတွက် အလုပ်အကိုင်၊ ပညာရေးနှင့် နေ့စဉ်အသုံးချမှုများတွင် လိုအပ်သော ဒစ်ဂျစ်တယ်နည်းပညာ အခြေခံကျွမ်းကျင်မှုများ ကို သင်ကြားပို့ချပေးခြင်းဖြစ်ပြီး အွန်လိုင်းပေါ်တွင် အချက်အလက်ရှာဖွေရန် နည်းပညာအသုံးချနိုင်စွမ်း၊ ကွန်ပျူတာနှင့် မိုဘိုင်း အခြေခံသုံးစွဲနိုင်စွမ်း

အပြည့်အစုံ

အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ

ဤသင်တန်းသည် လူငယ်များအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုများကို သင်ကြားပို့ချပေးရန် ရည်ရွယ်ထားပြီး၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း စတင်နိုင်စွမ်း နှင့် အလုပ်ဈေးကွက်တွင် တိုက်ရိုက်အသုံးချနိုင်စွမ်း တို့ကို တိုးတက်စေရန် အထူးအလေးပေးသင်ကြားပေးမည် ဖြစ်ပါသည်။

အပြည့်အစုံ

ဗီဒီယိုမှတ်တမ်းများ

Building Resilience Through Education

ပညာရေးဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ခြင်း

Building Resilience Through Education

ပညာရေးဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းကို တည်ဆောက်ခြင်း

ကျောင်းသားများ၏စကားသံများ

"Itseekers မှာ သင်ယူပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လမ်းစတွေမြင်လာတယ်။ သင်တန်းဆရာများရဲ့ သင်ကြားပုံစံကရိုးရှင်ပြီး လေ့လာမှုပိုင်းမှာအဆင်ပြေပါတယ်"

Student

သိန်းစိုး

Computer Training Student

"PDP သင်တန်းကိုတက်လိုက်ခြင်းအားဖြင့် ယုံကြည်မှုရသွားပါတယ်။အတွေ့ကြုံသစ်တွေနဲ့တခြားအသိပညာတွေလဲရရှိပါတယ်။"

Student

အေးအေးမြင့်

PDP Student

"သင်တန်းပြီးနောက် တက်ကြွစွာ အသုံးချနည်းတွေ လေ့လာနိုင်ခဲ့တယ်။"

Student

စန္ဒာမိုး

Design Student